ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း များအား ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ (Test Kit )များဖြင့်စစ်ဆေးပေးလျက်ရှိ

တကောင်း စက်တင်ဘာ       ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (Test Kit)များဖြင့်စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂) နာရီက တကောင်းမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆေးစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီမှ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်းနှင့် ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းမျာရှိ ရဟန်းသံဃာ(၅၆)ပါးနှင့် လူပုဂ္ဂိုလ်(၂၆)ဦးအား စုစုပေါင်း (၈၂)ဦး အခမဲ့ဆေးစစ်ဆေးပေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးလှမျိုးသွင်ထံမှသိရသည်။  

မြို့နယ်(ပြန်/ဆက်)