ငရုတ်ကောင်း စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရမည့်သူများနှင့် ကိုဗစ်ကာ ကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ်မှ(၆၄) နှစ်နှင့် ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးများကို စက်တင်ဘာ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နံနက် ၁၀ နာရီမှစ၍ ငရုတ်ကောင်းမြို့(အထက)တွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိပြည်သူများ၊ မသန်စွမ်းသူများအား ဦးစားပေးအဆင့် လိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ငရုတ်ကောင်း)