ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇၆၀ ဦးရှိလာပြီး ပြန်လည်ကျန်းမာလာသူ ၆၄၁ ဦးရှိ

ဟိုပုံး     စက်တင်ဘာ     ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ယနေ့ထိ  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇၆၀ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ဟိုပုံးပြည်သူ့ဆေးရုံတွင် ယမန်နေ့က PCR စစ်ဆေးသူ (၅၀)ဦးတို့၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးဓာတ်ခွဲမှုဌာန (Taunggyi PHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ (၁၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ယနေ့ RDT Test-Kit  ဖြင့် ဟိုပုံးပြည်သူ့ဆေးရုံတွင် စစ်ဆေးသူ (၂၂)ဦး၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အသစ် (၂) ဦး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇၆၀ ဦးထိရှိလာပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၄၁ ဦးရှိပြီး သေဆုံးသူ ၁၁ ဦးဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မအိ