နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံတော်စီမံကိန်းများ၊ စက်မှုဇုန် များနှင့် အိမ်ရာစီမံကိန်းများအား အကောင်အထည်ဖော်ရန်အတွက် ချထားပေးသည့်မြေများကို စနစ်တကျအသုံးပြုရေး၊ နိုင်ငံတော်တွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရေး အတွက် ပျိုးသက်ကောင်းသည့် ပျိုးပင်များ အောင်မြင်အောင် စိုက်ပျိုးနိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့်အညီ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအပေါ် စနစ်တကျ အသုံးပြုရေးတို့ကို အဓိကထားဆွေးနွေး ပေးစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကိစ္စရပ်များ၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရေး ကိစ္စရပ်များ၊ စက်မှုဇုန်ဆိုင်ရာများနှင့် အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက် များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)