ခေါဇာ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့အမှတ်(၉) တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာ ယခင်နေ့ ကကာကွယ် ဆေးလာ ရောက်ထိုးနှံသူ (၁၂၆) ဦးသာရှိသော်လည်းယနေ့တွင်လာရောက်ထိုးနှံသူ(၃၄၀)ဦးထိရှိခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးမထိုးမီ စာရင်းရေးသွင်း ခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာခြင်း၊ အပူချိန်တိုင်း တာခြင်းနှင့် ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်းများနှင့် လူမှုရေးအသင်းအဖွဲ့ ဝင်များကပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ခေါဇာ(ပြန်/ဆက်)