နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ယမန်နေ့ကမိုးရွာသွန်းမှုကြောင့် လေးအိမ်ကျေးရွာ မိုင်တိုင် အမှတ် (၅၆/၂)နှင့် (၅၆/၃) ကြား အလျား(၁၀၀)ပေခန့်ကျယ်သော ချောင်းတွင်ရေစီးသန်၍ မန္တလေးဘက်မှ တောင်တွင်းကြီးဘက်သို့ ကွမ်းသီးခြင်းများ သယ်ဆောင်လာသော မော်တော်ယာဉ်သည် ရေကျော်အားဖြတ်သန်းမောင်းနှင်စဉ် ရေမျှောပါသွားပြီး တိမ်းမှောက်သွားကြောင်းသိရသည်။
အဆိုပါရေမျှောပါသွားပြီး တိမ်းမှောက်သွားသောမော်တော်ယာဉ်အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီးမော်တော်ယာဉ်အတွင်း ပါလာသော ကွမ်းသီးခြင်းများအား သယ်ယူဆောင်ရွက်ပေးခဲ့ရာ မော်တော်ယာဉ် ပေါ်ပါလာသည့်လူနှင့် ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
လှဝင်း