မြောက်ဦးမြို့၌ ဆေးထိုးနှံရန် ကျန်ရှိသောပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

မြောက်ဦး စက်တင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများအား (Sinopharm) ကိုဗစ်ကာကွယ်ဆေး ဆေးများပထမအကြိမ်ထိုးနှံခြင်းကို  ယနေ့ နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာများ၌ ကျန်းမာ ရေးဝန်ထမ်းများနှင့် အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် တပ်မတော်သူနာပြုတပ်ဖွဲ့မှ ဆရာဝန် များနှင့်သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ (Sinopharm)ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်သူများဖြစ်သော ဆေးထိုးနှံရန်ပထမဦးစားပေး အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့်ပြည်သူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့် အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်သူနာပြုတပ်ဖွဲ့မှ ဆရာဝန်များနှင့်သူနာ ပြုအဖွဲ့ဝင်များ၊  မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများပူးပေါင်းကာ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော အောင်တပ်ရပ်ကွက်၊ ဗန္ဓုလရပ်ကွက်နှင့် အောင်မင်္ဂလာ ရပ်ကွက်မှ အသက်(၆၅)နှစ်အထက်ပြည်သူများအား (Sinopharm) ကာကွယ်ဆေး များ ပထမအကြိမ်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်း ညွှန်ချက်များနှင့်အညီ  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီ ဂျင် ပါဝင်မှုပမာဏ များအားတိုင်း တာပေးခြင်း၊ သွေးတိုးရောဂါနှင့် ဇီးချိုရောဂါ ရှိ/မရှိစစ် ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများထိုးနှံပေး ခြင်းဖြစ်ပြီး ကာကွယ်ဆေးဆက်လက် ထိုးနှံပြီးသူများ မိနစ်(၃၀)ခန့် အနားယူစောင့်ကြည့်ပြီးမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယနေ့နံ နက်ပိုင်းအထိ မြောက်ဦးမြို့ ပေါ်ရပ်ကွက်များမှ ပထမအကြိမ်ကာကွယ် ဆေးထိုး နှံ ခြင်းအဖြစ် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွား များနှင့်ပြည်သူ (၂၁၀)ဦးအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)