ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

ဟိုပန်    စက်တင်ဘာ   ၁၇

ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် (၉) နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများအား ကုသမှု ပေးနိုင်ရန်အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၇၀) ဖြင့်ဆောင်ရွက် ပြီးစီးပြီးဖြစ်သည့် အောက်ဆီဂျင်ပိုက်လိုင်းများ သွယ်တန်းထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများ သီးသန့်ထားရှိကုသမည့် အခန်းများ ပြင်ဆင် ဆောင်ရွက် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြခဲ့သည်။   

ဆက်လက်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ လူနာများ ထားရှိ ကုသမှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် အခြားဒေသမှ ဟိုပန်မြို့သို့ ပြန်လည်ဝင်ရောက်မည့် ဒေသခံပြည်သူများ၊ မြို့နယ်တွင်းရှိ ကိုဗစ်-၁၉ ရောဂါ သံသယ လူနာများအား RDT (Test kit) ဖြင့်စစ်ဆေး၍ ရောဂါတွေ့ရှိသူများကို ထားရှိကုသပေးသွား မည်ဖြစ်ကာ ယခင်က ၄၂ ဦးသာထားရှိ ကုသမှုပေးနိုင်ခဲ့သော်လည်း ယခုအခါ (၇၂)ထိ ထားရှိကုသမှု ပေးနိုင်မည်ဖြစ်သည်။ ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဟိုပန်မြို့မအားကစားကွင်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)