ပြင်ဉီးလွင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ် သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများ ရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေး ခြင်းစသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ ကာကွယ်ဆေး(၁)လုံးလျှင် လူဦးရေ (၅)ဦးနှုန်းဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)