Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး လှည့်လည်ဆော်ဩ
Sep 18,2021
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ်များ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အများပြည်သူများ သိရှိစေရန်အတွက် ကိုဗစ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်စုရပ် နေရာများ၌ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆော်ဩခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့နယ်များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များသို့ လှည့်လည်၍ ကျန်းမာရေး အသိပညာပေးခြင်းများ နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ဆေးရုံဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 18,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ဆေးရုံဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ နှင့် မီးသတ် တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က ကညင်တန်းရပ်ကွက်ရှိ ပြည်သူ ဆေးရုံ ဝန်းတွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့ အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင် (40L)အိုး (၅၀)လုံးလှူဒါန်း
Sep 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဝေါမြို့ ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူရှင် ဦးကျော်ခင် (Director, ADVANCE Air-conditioning & Engineering Co.Ltd) မှ ဝေါမြို့ ဦးမိုးစု ဘုန်းကြီးကျောင်း ဆရာတော် ဉူးတေဇာနန္ဒ တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဝေါမြို့နယ် ဆေးရုံရှိ လူနာများအား ကုသမှုပေးရန် လိုအပ်သော Oxygen Cylinder 40L (50 လုံး) ပေးအပ် လှူဒါန်းရာ
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး များအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အသက် (၅၅) နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ယမန်နေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေကြာပင် ရပ်ကွက်၊ အောင်ဇမ္ဗူရပ်ကွက်နှင့် အလျင်လို ကျေးရွာအုပ်စု စုစုပေါင်း နေရာ (၄) နေရာတွင် တစ်ပြိုင်နက်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ
Sep 18,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တကူတိုက်နယ်ဆေးရုံ၌ ဆေးရုံမှ ဆင်းခွင့်ရသူ(၄)ဦး၊ ကုသဆဲ (၁၂၂)ဦးရှိ
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်းနှင့် လည်ချောင်းနာခြင်းဖြင့် ပြင်ပမှ လူနာများကို (တနင်္လာ၊ဗုဒ္ဓဟူးနှင့်သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT (Test-Kit)ဖြင့် အပတ်စဉ် ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ကပြင်ပ လူနာ(၃၂)ဦးတို့အား စစ်ဆေးပေးရာ (၈)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်
Sep 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)ရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်(၁)အတွင်းနေထိုင် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ကြောင်းသိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသမီး(၆) ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ခိုလမ်မြို့-အမှတ် (၁)ရပ်ကွက် မှအသက်(၇၀)နှစ်၊ အသက်(၅၁)နှစ်၊ အသက်(၅၀)နှစ်၊ အသက် (၁၈) နှစ်အမျိုးသမီး(၄) ဦး၊ အမှတ်(၃) ရပ်ကွက်မှ အသက် (၅၀)နှစ်အမျိုးသမီး (၁) ဦး နှင့် ကာလိမြို့- အမှတ် (၃) ရပ်ကွက်မှ အသက်(၄၄) နှစ်အရွယ် အမျိုးသမီး(၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၆)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဆေးရုံမှ ဆင်းခွင့် ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25513
Page
25514
Page
25515
Page
25516
Current page
25517
Page
25518
Page
25519
Page
25520
Page
25521
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department