အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော ပြည်သူများအား ယနေ့ နံနက် ၉ နာရီခန့်တွင် ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဦးစားပေး အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှစတင်၍ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၇)ခုတွင် သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုလျှော့နည်း စေရေး အတွက် ပင်လုံမြို့အမှတ် (၁,၂,၃,၄) ရပ်ကွက်များနှင့် ကျေးရွာများရှိ ကိုဗစ်ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် ပြည်သူ များအား ၁၉-၉-၂၀၂၁ ရက်နေ့မှစ၍ ကာကွယ်ဆေးထိုးနှံပေးနေပြီ ဖြစ်ကြောင်း အသိပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးနှိုးဆော်ချက်များဆော်ဩခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့အထက(၁)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၉) အချိန့်ခန့်က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစားကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ ပါဝင်ကူညီဆောင်ရွက်ပေးသော မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ထောက်ပံ့‌ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မား နေမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ကြေညာထားသည့် ကာလအတွင်း စားသောက်ရေး အခက်အခဲဖြစ်နေသော ချောင်းငယ်ရပ်ကွက်-တပ်ဦး ကျေးရွာမှမိသားစုတစ်စုအား တနင်္သာရီမြို့မှ ၂၀၀၃/၂၀၀၄ခုပညာသင်နှစ်၊ ကျောင်းသားဟောင်းများအဖွဲ့က စေတနာရှင် အလှူရှင်များနှင့်ပူးပေါင်း၍ လတ်တလောကာလတွင် အစားအသောက် အဆင်ပြေစေရန်အတွက် စက်တင်ဘာလ ၂၀ရက်နေ့ ညနေ၃နာရီအချိန်က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးကြောင်းကျောင်းသားဟောင်း ကိုဖိုးမြန်ထံက သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း ယနေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီထံမှ သိရသည်။