အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 20,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများသို့ သွား ရောက်၍ အသိ ပညာပေးနိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြို့ပေါ်(၆) ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါခံစားနေသူများ၊ စောင့်ကြည့်လူနာများ၊ Quarantine ဝင်ရောက်နေသူများ၊ ခက်ခဲသည့် အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဦးအောင်နိုင် (သူရိယနဂါးအားမာန်ကုမ္ပဏီ) မိသားစုမှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဆီဆိုင်ဂေါက်ကလပ်၌ လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေး    ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အသိပညာပေးခြင်းများအား နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်း သို့ ဖျားခြင်း၊နှာစေးချောင်း ဆိုးခြင်း၊အနံ့အရသာပျောက်ခြင်းနှင့်လည်ချောင်းနာခြင်းဖြင့် ပြင်ပမှလူနာ(၆)ဦးအား တာဝန်ခံဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT (Test-Kit)ဖြင့် ဓာတ်ခွဲစစ်ဆေး ပေးရာ (၅)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံခြင်းအား ယနေ့ နံနက် ၉  နာရီ က နမ့်စန် (အထက)၊ မြို့မ(အထက) နှင့် အမှတ်(၃) ရပ်ကွက် အလကခွဲ ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် အသက်အုပ်စုအလိုက် နှင့်ဦးစားပေးအုပ်စု များတွင် ပါဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမာမြို့ အထကကျောင်း၌ ကျန်းမားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၅ နှစ် အရွယ် အမျိုးသမီး ၁ ဦးသည် ယနေ့ နံနက် ၄ နာရီခွဲ ချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာများဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးသူ အမျိုးသမီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။