အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ ရောဂါ ပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ (၃)ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။
Sep 20,2021
ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းအချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသမီး(၁)ဉီးနှင့် အမျိုးသား(၃)ဉီး၊ စုစုပေါင်း(၄)ဉီးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 20,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းလာစေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ် ကျေးလက်ပါမကျန် သတ်မှတ်ဦးစားပေးအုပ်စုများ ကိုကာကွယ်ဆေးများထိုးနှံပေးလျက်ရှိခဲ့ပါသည်။ ၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးကျန်းမာရေးပြန် လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖေါ်ပြအပ်ပါသည်။
Sep 20,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ “ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ” ဆောက်လုပ်ရန် အတွက် မြေနေရာ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကျားရုပ်ပရိယတ္တိစာ သင်တိုက်၌ကျင်းပသည်။
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ မိဘပြည်သူများအား ယမန်နေ့ စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုး နှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများအထိ သတ်မှတ်စု ရပ်များအလိုက် ကာကွယ်ဆေးထိုးနှံ ပေးလျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသည့် သူများ၏ရင်တွင်းစကားသံ များကို အောက်ပါအတိုင်းဖော်ပြလိုက်ရပါသည်-