မိုးနဲမြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် ဝတ်စုံများပေးအပ်ထောက်ပံ့

မိုးနဲ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ ပါဝင်ကူညီဆောင်ရွက်ပေးသော မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ထောက်ပံ့‌ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၃၀၀၀၀ ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှ ဆဲဖယ်ကျေးရွာရှိ ကြက်ခြေနီတပ်ဖွဲ့ဝင် အသစ် ၁၀ ဦးအတွက်‌ ထောက်ပံ့ပေးသော ဝတ်စုံ ၁၀ စုံကို ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက ကျေးရွာအရောက် သွားရောက်၍  ဝတ်စုံ၊ နှာခေါင်းစည်းနှင့် ကြက်ခြေနီအမှတ်တံဆိပ်ပါ ဆေး‌ပုံးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)