မိုင်းငေါ့ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၉) အချိန့်ခန့်က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစားကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက်အသက် (၅၅) နှစ်မှ(၅၉)နှစ်အ တွင်း ကျား (၅)ဦး ၊မ (၉)ဦး နှင့် အသက်(၆၀)မှ (၆၄)နှစ်အထိ ကျား(၄ ဦး)မ (၂)ဦး စုစုပေါင်း(၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တိုက်နယ်ကျန်းမာရေး ဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့ကထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံ ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့်ပေးမှာဖြစ်ကြောင်း၊ မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)