မိုးမောက်မြို့တွင် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

မိုးမောက်        စက်တင်ဘာ         ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်တွင်  ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းမရှိသေးသော ပြည်သူများအား ယနေ့ နံနက် နာရီခန့်တွင်  ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုးမောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌  မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံလင်းဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး အဆင့်() ဦးစန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ စနစ်တကျမှတ်တမ်းတင်ရေးသွင်း ခြင်းများပြုလုပ်ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် လျှင်မြန်ချောမွေ့စွာထိုးနှံ နိုင်ရေးအတွက် မြို့နယ်ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်