ဟိုပုံး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဦးစားပေး အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှစတင်၍ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၇)ခုတွင် သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဟိုပုံးဆေးရုံတွင် (၁၂၅) ဦး၊ ဒေသဦးစီးရုံးခန်းမတွင် (၁၁၅)ဦး၊ နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌာနတွင်(၁၉၀)ဦး ၊ စံဖူးကျေးလက်ကျန်းမာရေးဌာနခွဲတွင် (၁၈၅) ဦး၊ ကျောက်တန်း ကျေးလက်ကျန်းမာရေး ဌာနတွင် (၂၆၀)ဦး မိုင်းပျဉ်းကျေးလက်ကျန်းမာရေးဌာနတွင်(၃၀)ဦး၊ နောင်ဒေးကျေးလက် ကျန်းမာရေး ဌာနတွင်(၄၀)ဦး စုစုပေါင်း(၉၄၅)ဦး ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။
အဆိုပါ ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ကပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်