ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုး ရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုတို့၌ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခလယ်ကျေးရွာအုပ်စု တောင်ပမဏိရတနာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဇာတအား ဖူးမျှော် ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် သာသနာတော် ဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခလယ်ကျေးရွာခန်းမတွင် ခလယ်၊ မြို့ဟောင်း၊ ခလယ် ရွာလေး၊ ဘုရားငါးဆူ၊ နောင်ဒစ် အစရှိသောကျေးရွာများနှင့် ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများအား ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ ကာကွယ်ဆေးထိုးနှံပေးကြသော ကျန်းမာရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေရာသီရေရှားပါးမှုကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေ အဆင်ပြေစေရေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးကုတ်သစ္စာ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ခယယ်အင်းတူး ဖော်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူး ဦးအောင်သူကြွယ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ် က ကန်ဘောင်ပတ်လည်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံခွန်တိုင်ကျေးရွာအုပ်စု၊ သနင့်ပထောက်ခန်းမ၌ ကျေးရွာအုပ်စု (၉) အုပ်စုမှ တောင်သူ များနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရေကြီး နစ်မြုပ်ပျက်စီးခံရသော မိုးစပါး ၃၃၇ ဧကအတွက် မြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ကာ သဘာဝဘေးသင့်ဒေသများရှိ မွေးမြူရေးလုပ်ကိုင်သူ များအတွက် တိရိစ္ဆာန်အစာများ ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော တံခွန်တိုင်အင်း တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန ်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံခွန်တိုင်အနောက်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒအား ဖူးမျှော်ကြည်ညိုပြီး ဆန်၊ ဆီအစရှိ သော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၁၆ ကုတင်ဆံ့ ခလယ် တံခွန်တိုင် တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ Oxygen Concentrator၊ နှာခေါင်းစည်း Mask နှင့် လက်သန့် ဆေးရည်များ၊ PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တံခွန်တိုင်အထက်တန်းကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းနှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးသည့် ဒေသခံစေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း