အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၂၀ရက်နေ့အထိ ရေဆင်းတိုက်နယ် ဆေးရုံနှင့် ပြည်စံအောင်ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ အမှတ် ၃ အခြခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေးစင်တာနှင့် နတ်သူရဲကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှိ ဆေးထိုးနှံရေးစင်တာတို့တွင် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ လ ၁၉ ရက်နေ့အထိ ၄၆၀၅ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
Sep 20,2021
နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Sep 20,2021
ဘုတ်ပြင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည် ဟုသံသယရှိသူများအား စစ်ဆေး ခဲ့ရာ ယမန်နေ့ ကိုဗစ် - ၁၉ ပိုးတွေ့လူနာသစ် ၁၉ ဦးစစ်ဆေး တွေ့ ရှိခဲ့ကြောင်းသိရသည်။
Sep 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာများရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံရေးစင်တာတွင် လာရောက် ဆေးထိုးနှံကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Sep 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် အသက်အရွယ် ရှိသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၂၀)ရက်နေ့ တွင်လည်း ထန်းတပင် မြို့မအားကစားကွင်းစုရပ်နှင့် တက်သစ်တိုက်နယ် ဆေးရုံစုရပ်တို့တွင် ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များလူဦးရေ ၅၀၀၀ စာ ထပ်မံရရှိသဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။