အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မောခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အားမရှိခြင်းနှင့် အသက်ရှုမဝခြင်းတို့ကို ခံစားရသဖြင့် ဆေးရုံသို့ လာရာက်ပြသခဲ့ကြသည်။
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ဆေးကုသမှု ခံယူနေသော ခိုလမ်မြို့ ၊ အမှတ်(၃)ရပ်ကွက်မှ အသတ် (၄၈)နှစ်အရွယ် အမျိုးသား(၁) ဦးနှင့် နောင်ခမ်းကျေးရွာ မှ အသတ် (၂၃)နှစ်အရွယ် ၊ အသတ် (၁၈)နှစ်အရွယ် အမျိုးသား( ၂ ) ဦး ၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၃) ဦးအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
Sep 20,2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လက်ပံတို-သာကြီးတောင်-အရာတော်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် စာသင်ကျောင်းဆောင်လုပ်ငန်းများ ပေးအပ်ပွဲကို စက်တင်ဘာလ ၂၀ရက် နေ့လယ် ၁၂နာရီခွဲအချိန်က ပခုက္ကူမြို့နယ်၊ ရေ‌လာလေးစံပြကျေးရွာ၊ မူလတန်းလွန် ကျောင်းခန်းမ၌ ကျင်းပသည်။
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့နံနက် ၂ နာရီ အချိန်မှ နံနက် ၇ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ တောင်ကျရေများကြောင့် မြို့လယ်တွင် ဖြတ်စီးနေသည့်  နမ့်စောင်းငေါင်းချောင်း ရေလျှံခဲ့ပြီး ချောင်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်းရှိ နေအိမ် ၁၉၅ အိမ်ခန့် ရေဝင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Sep 20,2021
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုများအား စက်တင်ဘာ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၅၅) နှစ်အထက်ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နေ့လယ်(၂)နာရီ အချိန်က အ.ထ.က(၁)ကျောင်း၊ ပညာရတနာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။