ငရုတ်ကောင်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ငရုတ်ကောင်း စက်တင်ဘာ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်၈နာရီအချိန်က အမှတ်(၂)ရပ်ကွက ်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ခံဦးစအေးထွန်းနှင့် ငရုတ်ကောင်း နယ်မြေရဲစခန်းရှိ ရဲဝန်းထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ရပ်ကွက်တွင်းရှိ အသက်(၁၀)နှစ်ပြည့်မှစ၍ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်ခြင်းများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်အရ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အိမ်ထောင်စုလူဦးရေးစာရင်းများ ရေးသွင်းခြင်းလုပ်ငန်းများပါ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်​ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦစီးဌာနမှသိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)