ကလော စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စတုတ္ထအသုတ် ( ပထမအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၉နာရီ အချိန်မှစ၍ ကလောမြို့ မြို့နယ်ခန်းမ၌ ဒုထိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုအလိုက် သတ်မှတ်ထားသောအသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ ၊ ဟိုတယ် / မိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများကိုကလောမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စုများအလိုက် စုရပ်နေရာများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကလောမြို့ကိုဗစ် - ၁၉ ရောဂါ အရေးပေါ်ကူညီရေးအဖွဲ့တို့က ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်