ကျောက်တော် စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ကုသရေးနှင့်အခြားသော ကျန်းမာရေး ဆိုင်ရာရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသနေရသူများအတွက် မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေအနေမှာ ယမန်နေ့ နံနက်ပိုင်းအထိ စက်ရုံ တည်ဆောက်ပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်တော်မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသေ အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ရုံမှာ အလျား(၅၀) ပေ၊ အနံ (၃၀) ပေနှင့်အမြင့်(၁၈)ပေရှိ အဆောက်အဦအမျိုးအစားဖြစ်ပြီး မြို့နယ်အောက်ဆီဂျင်ထုတ်လုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရဟန်းရှင်လူပြည်သူများနှင့် အဝေးရောက် ကျောက်တော်မြို့နယ်သူ/မြို့နယ်သားများမှ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် အဆိုပါစက်ရုံအား တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက် ပြီးစီးပါက တစ်နေ့လျှင် ၄၀ လီတာဆန့် ဗူးကြီး ၄ ဗူးနှုန်းဖြင့် တစ်ရက်လျှင် ၄၀ လီတာ ဗူးကြီး ၈၀ ထွက်ရှိသော စက်အမျိုးအစားဖြစ်ပြီး အောက်ဆီဂျင်ထုတ်လုပ်ရာတွင် အသုံးပြုမည့် လျှပ်စစ်မီး စက်ကိုလည်း စက်ရုံအတွင်းရွှေ့ပြောင်းတပ်ဆင်နေပြီဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ရောက်ရှိပါက မကြာမှီအချိန်အတွင်း အောက်ဆီဂျင်စတင်ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ် ကြောင်းနှင့် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း (၃၅၀၀)ကျော် ထည့်ဝင်လှူဒါန်းရရှိပြီးဖြစ်ကြောင်း ကော်မတီဝင် ဦးထွန်းထွန်းအောင်ထံမှ သိရှိ ရသည်။
ခင်မောင်ထွန်း