ကျိုင်းတောင်းမြို့၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) စတင်ထိုးနှံ‌

ကျိုင်းတောင်း စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ  ဗိုလ်ကြီးရန်မျိုးအောင် ဦးစီးဦးဆောင်၍ သူနာပြုအရာရှိနှင် သူနာပြုများ လိုက်ပါဆောင်ရွက်ခဲ့ပြီး အသက် ၆၅ နှစ် နှင့်အထက် ရှိသူများ နှင့် ဦးစားပေးအဆင့်များတွင်ပါဝင်သော အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်နှင့်တည်းခိုခန်းများရှိဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့်ဈေးများရှိဝန်ထမ်းများ စသည့် ဆေးမထိုးရသေးသည့်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) အား စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm(BIBP) လာရောက်ထိုးနှံသူ စုစုပေါင်း (၅၀၀)ဦး  ရှိပါကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)