မြောက်ဦး စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးအတွင်း အောက်ဆီဂျင်ဗူးများ လုံလောက်စွာရရှိရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ကိုဗစ်ပိုးတွေ့လူနာများအား အမြန် ဆုံးကုစား ပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်း၌ တက်ရောက်ဆေးကုသမှုခံယူ နေကြသော လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်များအား နေ့စဉ်အချိန်မှီဖြည့်ဆည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းလိုအပ်သော အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ဆေးကုသမှုခံယူနေကြသော အရေးပေါ်လူနာများနှင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား အမြန်ဆုံး ကုသပေးနိုင်ရေးအတွက် အောက်ဆီဂျင်ဗူးများအား နေ့စဉ် (၁၆)လုံးမှ အလုံး(၂၀)ကြား ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ မြောက်ဦးမြို့နယ်အတွင်း လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် ပိုးတွေ့လူနာများနေ့စဉ်နှင့် အမျှများပြားလာသည့်အတွက် မြောက်ဦးမြို့ရတနာ့မာရ်အောင် ကျောင်းတိုက်မှ မြောက်ဦးဆရာတော်ကြီး ဝနဝါသီအရှင်ဝါယာမိန္ဒထံမှ ဆေးရုံအတွင်းတက် ရောက် ဆေးကုသမှုခံယူနေသော လူနာများအတွက် အရေးပေါ်အောက်ဆီဂျင်လိုအပ်ချက်များ အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအကုန်ထိ နှစ်လကြာ အခမဲ့လှူဒါန်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီ ရေးအသင်းအနေဖြင့် အောက်ဆီဂျင်စက်ရုံမှ (၄၀)လီတာဆန့်၊အောက်ဆီဂျင်အိုး (၄၀)လုံးဖြင့် နေ့စဉ် ထုတ်လုပ် လည်ပတ် လျက်ရှိကြောင်းနှင့်မြောက်ဦးမြို့နယ်အတွင်း အရေးပေါ် အောက်ဆီဂျင် လိုအပ်ချက် များ၊ အောက်ဆီဂျင်မလုံ လောက်မှုများ၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူ့ဆေးရုံ များ၌ တက်ရောက်ဆေးကုသနေကြသော အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင်ဗူး များအလုံအလောက် နေ့ညမပြတ်ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း နန်းရိပ်က ရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း ဉက္ကဌ ဦးမောင်ဝင်းရွှေထံမှ သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)