လောင်းလုံး စက်တာင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့မှ ယမန်နေ့ အထိ(ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၅၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ Volunteer များ၊ ဘုန်းကြီး၊သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ပုဂ္ဂလိကစက်ရုံဝန်ထမ်းများ၊ အကျဉ်း သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ စျေးရောင်းသူ၊စျေးဝယ်သူများ စုစုပေါင်း( ၅၅၁၀)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့် ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဝန်ထမ်းများ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်( ၁) ဗိုလ်မှူး ရဲမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ရေဖြူတပ်နယ်မှ ဗိုလ်မှူးခန့်ကျော်ထွန်နှင့်ဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)