ကျောက်ဆည်မြို့တွင် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ Test Kit ဖြင့် အခမဲ့စစ်ဆေး

 

 

ကျောက်ဆည်၊ စက်တင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဖောင်ရွာရပ်ကွက်၊ ရွှေဂူသီလရှင်ကျောင်းမှ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ/မရှိ စစ်ဆေးခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောက်ရွက်ခဲ့ပြီး သီလရှင်(၁၀၁)ဦး၊ စာသင်သား(၅၃)ဦးအား Test Kit ဖြင့် စစ်ဆေးခဲ့ရာ သီလရှင်များ နှင့် စာသင်သား များတွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိကြောင်း သိရှိသည်။

 

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများ နှင့် သီလရှင်ကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်၁၉-ရောဂါ ကူးစက်မှုရှိ/မရှိ စစ်ဆေးခြင်းများ ဆက်လက် ဆောင်သွားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)