မြိတ်ခရိုင် ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေးလျက်ရှိ

 

ပုလော  စက်တင်ဘာ ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယနေ့ နံနက် ၈ နာရီမှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေး ဝန်ကြီးဌာန၏  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။      

 

ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစား ဝန်ထမ်းပေါင်း( ၇၁၃ )ဦး ရှိပြီး၊  ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၊ ထိုသို့ ပင်စင် လစာငွေ လာရောက်ထုတ်ယူရာ တွင် အဆင်ပြေ ချောမွေ့စေရေး  အငြိမ်းစား ဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆) ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်က ကြိုတင် မေတ္တာရပ်ခံ ပန်ကြား ထားရှိကြောင်းသိရသည်။

 

အေးအေးမော် (ပုလော)