လောင်းလုံး စက်တင်ဘာ ၂၁
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လောင်းလုံးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောင်းလုံး မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ် ရေးမှူး ၊ဦးအောင်ထိုက်မှ အဖွင့်အမှာစကားပြောကြားရာ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို အသက် (၅၅)နှစ်နှင့်အထက် ဦးစားပေးအလိုက် ပထမအကြိမ် ထိုးနှံ ပေးမှုအား ယနေ့တွင် သတ်မှတ် ဦးရေအပြည့် ထိုးနှံပေးပြီးဖြစ်သော်လည်း ကာကွယ် ဆေးများ ဆက်လက်ရောက်ရှိလာမည်ဖြစ်ပြီး ဆက်လက် ထိုးနှံပေးနိုင်ရေးအတွက် ဌာနဆိုင် ရာ ဝန်ထမ်းများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးလိုကြောင်း၊ မြို့နယ်သာယာ လှပရေး နှင့် မိမိဌာနရုံး ပတ်ဝန်းကျင် သာယာလှပရေးအတွက်သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက ကြစေလိုကြောင်း ၊ ဌာနဆိုင်ရာများမှ မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ဆွေးနွေး ပေးကြရန်နှင့်ဌာနအချင်းချင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွင့်ဝင် ( ၁) ဗိုလ်မှူး ရဲမင်းထွန်းက ပြောကြားရာ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် နယ်မြေ လုံခြုံရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ မြို့မရဲစခန်းမှ ရဲမှူးမင်းကိုက နယ်မြေ လုံခြုံရေးနှင့် ပတ်သက် သောအကြောင်းအရာများကို ပြောကြား၍ တက်ရောက်လာကြည့်သည့် ဌာနဆိုင်ရာများမှ မိမိ တို့၏ ဌာနလုပ်ငန်းစဉ်များအကြောင်းကို ချပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဝင်( ၁) ဗိုလ်မှူးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း