မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ထိုးနှံပေးခြင်းတွင် လူဦးရေ(၃၂၇၅) ဦး လာရောက်ထိုးနှံ

မင်းလှ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများအား မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးနှင့် ဆေးထိုးစုရပ် အသီးသီးတွင် ဒုတိယအသုတ်(ပထအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းထိ လူဦးရေ (၃၂၇၅) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ် ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ကာကွယ်ဆေးထိုးစုရပ် အသီးသီးတွင်   ဦးစားပေး အစီအစဉ်အလိုက် ဆေးမထိုးရသေးသည့် သူများအား ယနေ့ထိ ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း၊ ယခုထိုးနှံပေးသောဆေးမှာ ဆေးတစ်လုံးကို  လူ(၅)ဦး ထိုးနှံပေးသော ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinophram) အမျိုးအစားဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး   နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီခွဲအချိန်ထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ပေါက်စ