တနင်္သာရီ စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု ပဝ-ဝါသကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ ရှိသူများနှင့် ထိစပ်ပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားနေကြသူများထဲမှ ရောဂါ ပိုး ရှိနေသူများကိုစစ်ဆေးဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမှ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ် နိုင် ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်း ညွှန်မှု အရ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ပဝဝါသကျေးရွာသို့ကွင်းဆင်း၍ ဒေသခံများကို RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် ပဝကျေးရွာအုပ်စု ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဋ္ဌေးနှင့် အဖွဲ့ဝင်များ၊ ပဝကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ၎င်းပဝ၊ ဝါသကျေးရွာရှိ ရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်သူများနှင့် ဒေသခံများ၊ ပေါင်း(၁၇၀)ဦးတို့အား ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်ဖြိုးသူနှင့် ဒေါ်နွယ်နွယ်လွင်တို့က ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ RDT Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေးပေးရာအမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၁၉)ဦး၊ ပေါင်း(၃၁) ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း သိရှိရသည်။
သို့ပါ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၃၁)ဦးအား အမက-ပဝဝါကျေးရွာ Covid-19 Positive Centre အဖြစ် တိုးချဲ့ဖွင့်လှစ်၍ ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ အသွား အလာကန့်သတ် ကျန်းမာရေးစောင့်ကြည့်ထားရှိ၍ ဆေးဝါးကုသပေးသွား မည်ဖြစ်ပြီး အဆိုပါပိုးတွေ့ရှိသူများနှင့်ထိစပ်ခဲ့သည့်မိသားစုဝင်များကိုလည်း ရောဂါပိုးကူးစက် ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့နှင့်ထိစပ်နေအိမ် (၁၂)လုံးအား Lock Down ချထား၍ အသွားအလာ ကန့်သတ်စောင့်ကြပ်ထားရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း