သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)  အား  ဆက်လက် ထိုးနှံပေးလျက်ရှိ

 

သရက်     စက်တင်ဘာလ  ၂

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ကို ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ယနေ့ နံနက် ၉ နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သရက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေ ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော (Sinopharm)ဆေး အမျိုးအစားဖြစ်ပြီး (၂၈)ရက်ပြည့်ပါက ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ရာ  မြို့ပေါ် ရပ်ကွက် များနှင့် တိုက်နယ်အုပ်စုများအလိုက် စုရပ်(၆)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။ ဒုတိယအသုတ် ထိုးနှံနိုင်ရန် သရက်မြို့နယ်အတွက် ဆေး(၁၉၀၀)လုံး ရရှိထားပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံနိုင်၍ လူဦးရေ (၉၅၀၀) ဦး ထိုးနှံနိုင်မည်ဖြစ်ရာ စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ  ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၆၀၁၅) ဦးထိ ထိုးနှံပြီးဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)