ရွှေဘိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ

ရွှေဘို  စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း (၁၈) နှစ်ပြည့်ပြီး ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ များကို စက်တင်ဘာလ ၁၉ ရက် နံနက် နာရီက စတင်၍ မြို့တော်ခန်းမ၊ အထက()၊ အထက()နှင့်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာတို့တွင်စုရပ် ခု ခွဲပြီးစနစ် တကျ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

 

ရွှေဘိုမြို့နယ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့အထိကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၅၅)နှစ်မှ (၆၄)နှစ် အထိ  (၁၄၆၉)ဦး၊ အသက်(၆၅)နှစ်အထက်( ၄၅၆ )ဦးအစိုးရ/ပုဂ္ဂလိက မှ ကျန်းမာရေး ဝန်ထမ်း(၄၄)ဦး၊ Voluntee/qBas ပရဟိတ (၁၃၇)ဦး၊ ဘုန်းကြီး သီလရှင် ဘာသာရေးကျောင်း( ၉၅)ဦး၊ နိုင်ငံ့ဝန်ထမ်း( ၄၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၄၂) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂၅)ဦး၊  ပုဂ္ဂလိက စက်ရုံ အလုပ်ရုံဝန်ထမ်း(၁၀၃) ဦး ဟိုတယ်/ မိုတယ် တည်းခိုခန်း(၁၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း( ၆၂)ဦးနှင့် Super Market/copစျေး( ၁၃၅)ဦး စုစုပေါင်း( ၂၆၃၀)ဦး နှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

 

ခရိုင်ပြန်/ဆက်