ပြင်ဦးလွင် မြို့နယ်ရှိ အသက် (၈၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ပြင်ဦးလွင်  စက်တင်ဘာ ၂၁

ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှအသက် (၈၀)နှစ်နှင့်အထက် ဘိုးဘွားများအားထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ   ထောက်ပံ့ငွေများကို သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်သည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းတို့က ပြင်ဦးလွင် မြို့နယ်အတွင်း တတိယ( ၃ )လပတ် တွင်ထောက်ပံမည့် အသက် (၈၀)နှစ်နှင့်အထက် ဘိုးဘွား (၈၄၃)ဦးအတွက် ထောက်ပံ့ငွေများ ကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ သည်။

အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်(၁)လကို တစ်သောင်းငါးထောင်ကျပ်ဖြင့် သုံးလစာ အတွက် လေးသောင်းငါးထောင်ကျပ်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် မိခင်(၃၅၄) ဦးနှင့် ကလေးငယ် (၂၉၆)ဦး စုစုပေါင်း(၆၅၀)ဦးအတွက် ထောက်ပံ့ပေးခြင်း ဖြစ်သထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှတဆင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)