မိုင်းရှူး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၂၁)ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ် ဆေးရုံမှ(၁၀)ဦး၊စုစုပေါင်း(၃၁)ဦးတို့ကိုယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ဇူလိုင်လ ၄ ရက်နေ့မှယနေ့ အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည် ပြုလူနာ(၁၉၆)ဦး၊ ယနေ့ဆေး ရုံဆင်း(၁)ဦး၊ ဆေးရုံဆင်း သူပေါင်း(၁၆၈)ဦး၊ သေဆုံး (၄)ဦး၊ ကုသဆဲ(၂၄)ဦး၊ လွိုင် ဆောင်ထောက်တိုက်နယ် ဆေးရုံတွင် ဇူလိုင်လ(၅)ရက် နေ့မှယနေ့ထိ ပိုးတွေ့. အတည်ပြုလူနာ(၁၄၀)ဦး၊ယနေ့ဆေးရုံဆင်း(၂)ဦး၊ ဆေးရုံ ဆင်းသူပေါင်း(၁၁၇)ဦး၊ သေဆုံး(၉)ဦး၊ကုသဆဲ(၁၄) ဦး၊မိုင်းစံတိုက်နယ်ဆေး ရုံတွင်သြဂုတ်လ(၁၁)ရက်နေ့ မှ ယမန်နေ့ထိ ပိုးတွေ့အတည် ပြုလူနာ(၅)ဦး၊ ဆေးရုံဆင်း (၅)ဦးရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက်နေ့မှ ယနေ့ အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း(၃၄၁)ဦး၊ဆေး ရုံဆင်းသူပေါင်း(၂၉၀)ဦး၊ သေဆုံးသူ(၁၃)ဦး၊ ကျန်ရှိ သည့်အတည်ပြုလူနာ(၃၈)ဦး တို့ကို မြို့နယ်ပြည်သူ့ ဆေးရုံနှင့်ပတ္တမြား ခန်းမ၊သက်ဆိုင်ရာတိုက်နယ်ဆေးရုံ၌ သီးသန့်ကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်သူ(မိုင်းရှူး)