မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ မြို့သစ်မြို့နယ်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေကျပ် (၆၉၁၇၅၀၀၀၀)သန်းကျော် ထုတ်ချေးပြီးစီး

 

မြို့သစ် စက်တင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   မြို့သစ်မြို့နယ်ဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စက် တင်ဘာ၂၂ ရက်နေ့အထိ ကျေးရွာအုပ်စု(၂၉)အုပ်စု ၊ တောင်သူဦးရေ (၁၁၃၂)ဦး၏    မိုးစပါးစိုက်ဧက (၃၂၃၁)နှင့် အခြားသီးနှံစိုက်ဧက(၂၀၇၁)တို့အတွက် ထုတ်ချေးငွေကျပ် (၆၉၁၇၅၀၀၀၀) သန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ်အတွင်း  ၂၀၂၀ ပြည့်နှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ်‌  ဘဏ်ချေးငွေများ ပြန်လည် ပေးချေပြီးသည့် တောင်သူများအား ၂၀၂၁ ခုနှစ်  ၊ မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို  ဆက်လက် ထုတ်ချေးပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၂ ထိ မိုးစပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) တစ်သိန်း ငါးသောင်းနှုန်း၊   နှမ်းသီးနှံတစ်ဧကလျှင်  ငွေကျပ်(၁၀၀၀၀၀) တစ်သိန်းနှုန်း တို့ဖြင့် (၂၉)အုပ်စုမှ တောင်သူဦးရေ (၁၁၃၂)ဦး၏ မိုးစပါးစိုက်ဧက (၃၂၃၁)နှင့် အခြားသီး နှံစိုက်ဧက (၂၀၇၁ ) တို့အတွက် ဘဏ်ချေးငွေ စုစုပေါင်း(၆၉၁၇၅၀၀၀၀)ကျပ်သန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း ၊ချေးငွေအတိုးနှုန်း မှာငွေကျပ် ( ၁၀၀ )အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းသာ ကျသင့်မှာ ဖြစ်ကြောင်း မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

 

သန်းဝင်းထွန်း (ပြန်/ဆက်)