အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ယမန်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိကြောင်းနှင့် လူနာ(၂)ဦးထပ်မံသေဆုံးကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ‌ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက်လတ်မြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ကစတင်ထုတ်ချေး‌ပေးလျက်ရှိကြောင်းသိရသည်။
Sep 24,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိပြည်သူများနှင့် ဆေးထိုးရန်အကျုံးဝင်သူများကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 24,2021
တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏အစီအမံအရ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက်မှု ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကုသရေး Centre များနှင့်စစ်ဆေးရေးဂိတ်များတွင် ရောဂါပိုးထိစပ်သူများ၊ နာမကျန်းဖြစ်သူများအား ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေး ပေးလျက်ရှိရာ ယမန်နေ့က လူနာသစ်(၈၇)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိပြီး၊ အတည်ပြုသူဦးရေပေါင်း(၁၆၈၆)ဦး၊ ပြန်လည် ကျန်းမာသက်သာ၍ ဆေးရုံမှဆင်းခွင့်ရသူ(၆၁)ဦး၊ ဆေးရုံမှဆင်း ပြီးလူနာပေါင်း(၁၃၇၅)ဦး၊ ကုသဆဲလူနာပေါင်း(၂၈၄)ဦးရှိကြောင်း သိရှိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုဦးစီးမှူး ဒေါ်နန်းပီးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို  လက်ခုတ်တန်းရပ်ကွက်အတွင်းသို့ လှည့်လည်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး၊ ပြန်လည်ကျန်းမာလာ သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တွေ့ဆုံမေးမြန်းခဲ့ရာ၊ ၎င်းတို့၏ ကိုယ် တွေ့ ခံစားမှုများနှင့် အများပြည်သူသို့ အသိပေး ပြောကြားလိုသည့် အကြံပြုစကားသံများကို ယခုလိုကြားသိခဲ့ရပါသည်။
Sep 24,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်- ၁၉‌ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၂၁) ရက်နေ့မှစ၍ မြို့နယ်ပြည့်သူ့ဆေးရုံတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ ထိုးနှံပေးလျက်ရှိသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား Sinopharm ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ကို ယနေ့ နံနက်ပိုင်း က မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဝန်ထမ်း များနှင့် တာဝန်ရှိ သူတို့က နန်းတောင်ကျေးရွာ အလကကျောင်း၌ ယနေ့ နံနက် ၉ နာရီက တတိယအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ကို ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။