မိုင်းခတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီး ဌာနတို့ပူးပေါင်း၍ ပန်းခင်းစီမံ ချက်နှင့် ပတ်သက်သော အသိပညာပေး(TALK SHOW)ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က Online အစီအစဉ်ဖြင့် ကျင်းပခဲ့သည်။
ဆက်လက်၍ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က အသိပညာပေး(TalkShow)အစီအစဉ်များကို Onlineမှတဆင့်ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြား၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးလှမြင့်က"လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင် ကြစို့"ပန်းခင်းစီမံချက်နှင့် ပတ်သက်၍လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများ အကြောင်းအကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။