ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူ(၆၀၀၀)ဦးအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီး

ဆင်ပေါင်ဝဲ စက်တင်ဘာ  ၂၄

 

မကွေးတိုင်းဒေသကြီး  ဆင်ပေါင်ဝဲမြို့နယ်တွင်   ကိုဗစ်-၁၉ ကာကွယ်ဆေး   မထိုးနှံရသေးသည့် ပြည်သူများအား    ကိုဗစ်-၁၉   ကာကွယ်ဆေး   ဒုတိယအသုတ်   (ပထမ)   အကြိမ်    ထိုးနှံပေးခြင်းကို စက်တင်ဘာ  ၁၆  ရက်မှ  စတင်၍   သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ယခုအခါတွင် လူဦးရေ  (၆၀၀၀)  ဦးအား  ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်တွင်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌    အသက်(၅၅)နှစ်နှင့်  အထက်ရှိ ပြည်သူများ  ၊   မသန်စွမ်းသူများ ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ဦးစားပေးအစီ အစဉ်ဖြင့်  ထိုးနှံပေးလျက်ရှိ ပြီး  ယခင်ဦးတည်အုပ်စု(၁၂)စုတွင် ပါဝင်ပြီး ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိ နေသည့်ပြည်သူများကိုလည်း သတ်မှတ်စုရပ် နေရာများဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ မွှန်းညောင်ပင်သာတိုက်နယ်ဆေးရုံ၊ ဧကရာဇ်ကျေးရွာ၊ ကျောက်ဆောင်စမ်းကျေးရွာ၊ စည်တိုင်းကျေးရွာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခြင်း ဖြစ်သည်။

 

ဆင်ပေါင်ဝဲမြို့နယ်တွင်   ဒုတိယအသုတ် (ပထမ)  အကြိမ်   ထိုးနှံပေးသည့် ကိုဗစ်-၁၉ကာကွယ် ဆေးမှာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) အမျိုးအစားဖြစ်ပြီး  လူဦးရေ  (၆၀၀၀) အား ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

 

ချိုချိုဝင်း