မင်္ဂလာဒုံ အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ဆွေက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများနှင့် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်လယ်ယာစီမံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်၊ ကျေးရွာလယ်ယာစီမံရေးအဖွဲ့ဝင်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)