သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကချင်တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံ
Oct 10,2023
ကချင်တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝနှင့် စာပေယဉ်ကျေးမှုကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မနောကွင်း သန့်ရှင်းသာယာလှပရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီက စီတာပူမနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တိုင်းရင်းမျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှု “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကြည့်ရှုအားပေး
Oct 10,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ မော်တော်ဆိုင်ကယ်ဦးထုပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ၊ မြို့လယ်အဝိုင်းတွင် ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ခိုလမ်မြို့တွင် သံဃာတော်များအား ဆန်၊ဆီ၊ဆေးနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဆေးကုသမှု ဆောင်ရွက်ပေး
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့်မဟာဗောဓိကျောင်းတိုက်တို့တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းမှ သံဃာတော်များအား ဆန်၊ဆီ၊ဆေးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ အမှတ်(၉)နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
တွံတေးမြို့နယ်၌ လူငယ်ဇွဲနှင့်ဤပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ဇွဲနှင့် ဤပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေး
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃ ဧပြီလမှ စက်တင်ဘာလအထိ ၆လအတွက် ဝန်ထမ်းများမှ စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့‌ပေးအပ်
Oct 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားမြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centr) ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးနဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက နမ့်မော်လေကျေးရွာ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။