ကျိုင်းတုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ကျိုင်းတုံ အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာတွင် အင်ဗာတာဖြင့် ဘထ္တရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ် ၁ လုံးမှ မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့‌ထောက်ပံ့ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာတွင် အောက်တိုဘာ ၈ ရက်က ယန်းလောကျေးရွာတွင် အင်ဗာတာဖြင့် ဘထ္တရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးခဲ့သည့်နေအိမ်မှ အိမ်ထောင်စုဝင်များအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးကို မီးဘေးသင့် အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)