သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ဇလပ်ထော်ရေလှောင်တမံ Spill Way ရေကျော်ပျက်စီးခဲ့မှုအား အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့
Oct 10,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ဇလပ်ထော်ရေလှောင်တမံ Spill Way ရေကျော်ပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းနောင်မြို့ Community Centerတွင် အပြည်ပြည်ဆိုင်ရာကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ Community Centerတွင် အပြည်ပြည်ဆိုင်ရာကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ ညနေ(၄)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်
မိုင်းဖြတ်မြို့နယ်၌  အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး အသိပညာပေးဟောပြော
Oct 10,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးနှင့် ဝက်များတွင်ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀နာရီက ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည် ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ
Oct 10,2023
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့်  ယနေ့  အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများသိရှိစေရန်နှင့် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Oct 10,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန်နှင့် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀း၃၀)နာရီက သဲကုန်းကျေးရွာရှိ သဲရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ပဲစဉ်းငုံ ၂၁၆၁ ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Oct 10,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ပဲစဉ်းငုံသီးနှံစိုက်ပျိုးရန် ၁၇၇၅ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၂၁၆၁ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ လျာထားချက်ထက် ၃၈၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 10,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က) ထန်းပင်ချောင်ကြီးခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ချေးငွေရယူထားရှိသောလုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ဆီစက်လုပ်ငန်း၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းနှင့် ဥစားဘဲမွေးမြူရေးလုပ်ငန်း၊ ဒေသဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများမှ ချေးငွေရယူဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။