သတင်းများ

ပြင်ဦးလွင်မြို့တွင် (၂၃) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ပွဲ ကျင်းပ  
Nov 27,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ပွဲကို (၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၁၄) ရက်၊ နိုဝင်ဘာ ၂၆၊ ညနေ (၆:၀၀) နာရီက ဘုရားကြီး ရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင်(၁၁၁)ကြိမ်မြောက်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီလှည့်လည်ပူဇော်
Nov 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ (၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေတောင်စားလမ်း၊ လောကမာရ်ဇိန် ဘုရားကြီးဝင်းအရှေ့ ဘက်မုခ်မှစ၍ ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီလှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၇၄)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Nov 27,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၇၄) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူပွဲကို ယနေ့နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကျိုက်မရောမြို့ အတ္တရံမြစ်ကမ်း၌ (၃၉) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 27,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အတ္တရံမြစ်ကမ်း၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲတော်ကြီးကို ယနေ့နံနက် ၄ နာရီက အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးတည်ထားရာကျောင်းဆောင်ရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၄၀)မြောက်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ
Nov 27,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ တရားတော်နာအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ မြို့ဦးတိုက်သစ်သံလမ်းကျောင်းဆရာတော် ဘဒ္ဒန္တသုဇန မထေရ်မြတ်နှင့် ပင့်သံဃာ ၅၀ ပါးကြွရောက်သည်။
သထုံရွှေစာရံစေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 27,2023
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ မြို့လုံးကျွတ် တန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့) နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ပုံပါကျင်မြို့၌ (၅၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲ ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ (၅၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ရပ်ကွက်(၅) ပြည်တော်သာလမ်းမှတစ်ဆင့် အမှတ်(၂)ရပ်ကွက် သုခဝိဟာရကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
မိုင်းစံမြို့၌ (၃၂)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်  စည်ကား သိုက်မြိုက်စွာ လှည့်လည်ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ (၃၂)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲတော်အား ယမန်နေ့ မွန်းလွဲ(၃:၃၀) အချိန်က မိုင်းစံမြို့ရှိ ရပ်ကွက် (၃)ရပ်ကွက်မှ စေတနာရှင် အလှူရှင်များ၊ ပညာရေးမိသားစုနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ပါသည်။