ပုံပါကျင် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ (၅၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ရပ်ကွက်(၅) ပြည်တော်သာလမ်းမှတစ်ဆင့် အမှတ်(၂)ရပ်ကွက် သုခဝိဟာရကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် လှည့်လှည်ပူဇော်ပွဲတွင် ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို့မှ အမှတ်(၅)ရပ်ကွက်၊ ပြည်တော်သာလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းအတိုင်း အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်အတွင်း လှည့်လှည်၍ သုခဝိဟာရကျောင်းတိုက်တွင် ပဒေသာပင်များအား ပူဇော်ထားရှိခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ (၁)နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)