သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီး‌နှောဖလှယ်ပွဲ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Nov 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးလက်ကျန်းမာရေးဌာနတွင် အထွေထွေရောဂါလူနာများအား ရောဂါစမ်းသပ်စစ်ဆေး၍ ဆေးကုသမှုပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု ကြည့်ရှုစစ်ဆေးပေးခြင်း၊ သားဆက်ခြားလုပ်ငန်းစဉ်ဆောင်ရွက်လိုသော မိခင်များအတွက် လက်မောင်းအတွင်း implant ထည့်သွင်းပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ တီဘီရောဂါသံသယလူနာများအား သလိပ်နမူနာယူ၍ဓာတ်ခွဲစစ်ဆေးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် အလွန်စည်ကားလျက်ရှိ
Nov 27,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
သင်္ဂါယနာ သာသနာ့သမိုင်း၀င် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်နှင့် သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီတော်တို့၌ မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ
Nov 27,2023
ဂင်္ဂါ၀ါလု သဲစုမက ပွင့်တော်မူပြီးသော သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မြတ်စွာဘုရားသခင် အဆူဆူတို့အား ရည်မှန်လျက် မြန်မာရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းဖော်ဆောင်သောအားဖြင့် တန်ဆောင်မုန်းလပြည့် အခါသမယ နေ့ထူး၊ နေ့မြတ်တွင် မသိုးရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ရေးအတွက် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်နှင့် သမိုင်း၀င်ဆုတောင်းပြည့် ကျိုက္ကစံ ဆံတော်ရှင်စေတီတော်တို့၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညနေ့ပိုင်းတွင် ယှဥ်ပြိုင်ရက်လုပ်ကြသည်။
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မှ မအူပင်မြို့ရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Nov 27,2023
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့  မြစ်တွင်းသွား မြစ်တွင်းသွားရေယာဉ်(စက္ခု) ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် ယမန်နေ့ညနေ ၃ နာရီအချိန်က မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာ ပြန့်ပွားရေးစင်တာ၏ လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ မိုးစပါး ရတနာတိုးမျိုး မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းခြင်း ကြည့်ရှုအားပေးကာ  စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ
Nov 27,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ သိမ်ကုန်း နည်းပညာ ပြန့်ပွားရေးစင်တာသို့ ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မိုးစပါး ရတနာတိုးမျိုး မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းခြင်း ကြည့်ရှုအားပေးကာ စိုက်ပျိုး တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ (၆၂)ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 27,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် (၆၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ယနေ့နံနက် (၇)နာရီက ကွမ်သဲကျေးရွာ လမ်းမကြီးတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ စုပေါင်းမဟာဘုံကထိန် ကျင်းပ
Nov 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပဒေသာပင်များ လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ (၂၁) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့် မသိုးသင်္ကန်းဆက်ကပ်ပူဇော်ပွဲစည်ကား
Nov 27,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ် လှူဒါန်းပူဇော်ပွဲကြီးကို တန်ဆောင်မုန်းလဆန်း (၁၄) ရက် ည ၆ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။