ပြင်ဦးလွင် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ပွဲကို (၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၁၄) ရက်၊ နိုဝင်ဘာ ၂၆၊ ညနေ (၆:၀၀) နာရီက ဘုရားကြီး ရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား (၂၃) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းခတ် ပူဇော်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ရက်ကန်းခတ်နေမှုအား လှည့်လှည်ကြည့်ရှုသည်။
ထို့နောက် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ပွဲတွင် သုမာလာ၊ သုစိတ္တာ၊ သုနန္ဒာနှင့် သုဇိတာစသည့် ရက်ကန်းစင်များဖြင့် မိမိတို့ရက်ကန်းစင်အလိုက် ယက်ဖောက်ရောက်ခြင်း၊ ချည်ဆက်ခြင်း၊ ရက်ကန်းခတ်ခြင်း၊ရက်ကန်းစင်များမှ ရရှိသော သင်္ကန်းအား ဆက်ချုပ်ခြင်းတို့ဖြင့် မသိုးသင်္ကန်းကို အချိန်မှီပြီးစီးနိုင်ရန်အတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင်(ပြန်/ဆက်)