ဇလွန်မြို့နယ်တွင် (၃၆) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကျင်းပ
Nov 26,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် (၃၆) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက် ၇ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ မြို့အတွင်းသို့ လှည့်လည်ခဲ့ကြပြီး ညောင်ပင်စျေးရပ်ကွက် သံလွင်ကွင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။