သတင်းများ

ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ၏ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဘုံထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ၏ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉) နာရီ အချိန်က မြို့မ(၁)ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ကျင်းပ
Nov 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍  မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ပွဲကျင်းပပြုလုပ်မည့် ကျောင်းတွင်းရပ်ကွက်ရှိ ဂုဏဝန်ဘုန်းတော်ကြီးကျောင်းသို့ စီတန်းလှည့်လည် ကျင်းပပို့ဆောင်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ (၁၆၀)ကြိမ်​မြောက် ဒေသစာရီ ကြွချီအပူဇော်ခံယူပွဲကို စည်ကားစွာ ကျင်းပ
Nov 27,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ် ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဥ်တန်​ဆောင်တိုင်ကာလရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်​နေ့ကလည်း (၁၆၀)ကြိမ်​မြောက်အဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံယူပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
(၅၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနား
Nov 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပိဋကတ်ကျောင်းစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ပင်လုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ကထိန်ခင်းပင့်ကျောင်း (၉) ကျောင်းနှင့် အရန်ပင့်ကျောင်း (၆)ကျောင်းအား ကထိန်လျာသင်္ကန်း၊ အရန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည့် (၅၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနားကို ယနေ့နေ့လည်(၁၂:၀၀) အချိန်က ပြုလုပ်ခဲ့ပါသည်။
သုံးခွမြို့နယ် ထုံးကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Nov 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ (နိုင်ငံတော်ထောက်ပံ့ငွေ) ကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေ (၅၄၉၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၀၄၉၀၀၀၀)ကျပ်ဖြင့် ထုံးကြီး ကျေးရွာ တွင်း ကွန်ကရစ်လမ်း (၁၀၅၀'×၈'×၆”) ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
သံတွဲမြို့၌ (၄၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 26,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့် (၄၄) ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ် ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာမြို့ ဦးတောင်ကျောင်း၌ ကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
သန်လျင်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 26,2023
သန်လျင်ခရိုင် သန်လျင်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဝါးခယ်မမြို့ ကွမ်းခြံကုန်းကျောင်းတိုက်၌ ဒုတိယကြိမ်မြောက် မဟာဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းတွင် ဒုတိယကြိမ်မြောက် မဟာဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။