သတင်းများ

ပူတာအိုခရိုင်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Nov 27,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များက တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသော ပုရိမဝါမှ ထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား ကထိန်လျာမြတ်သင်္ကန်း၊ အခြံအရံသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာကြားခြင်းနှင့်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို နိုဝင်ဘာ(၂၆)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်း လပြည့်နေ့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Nov 27,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလ)အခါတော်နေ့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နံနက်(၈)နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားမှ မြို့နယ်သာသနာ့ဗိမ္မာန် လမ်းတလျှောက် လောင်းလှူခဲ့ကြသည်။
ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အစဉ်အလာရိုးရာမပြတ် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄) ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရွှေစည်းခုံစေတီတော်ဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပင့်သံဃာ (၇၁၄)ပါးတို့အား ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာကျင်းပပြုလုပခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှသိရသည်။
မိုင်းခတ်မြို့နယ်၌ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲ ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်းမှတစ်ဆင့် အလှည့်ကျ‌ကျောင်းဖြစ်သော အမှတ်(၁)ရပ်ကွက် မဟာဗော‌ဓိဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
မုဒုံမြို့ရှိ ဘုရားစေတီပုထိုးများတွင် (၉၇)ကြိမ်မြောက် မသိုးသင်္ကန်း ကပ်လှူပူဇော်
Nov 27,2023
မွန်ပြည်နယ် မုဒုံမြို့တွင် (၉၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညက သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်ရင်ပြင်၌ ကျင်းပသည်။
(၇၆)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်
Nov 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သော (၇၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်အလှူတော်များ ယမန်နေ့ညနေ(၃)နာရီက လှည့်လည်ပူဇော်ခံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်ပါလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  
ဆိပ်ဖြူမြို့ကျက်ရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံ ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပူဇော်
Nov 27,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၏ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပူဇော်ပွဲကို ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။
မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်
Nov 27,2023
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးအား နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် အဆိုပါစေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။